Lesson 2 C programming - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, June 15, 2018

Lesson 2 C programming

Lesson 2 C programming

1.#include<stdio.h>
2.#include<conio.h>
3.
4.int main(){
5. printf("Hello Myanmar\n");
6. _getch();
7. return 0;
8. }

                       အထက်ပါ program မှာဆိုရင် line number 1 ရယ် 2 ရယ်ကို ကျွန်တော် ဒီလင့် မှာ ရေးသားထားပါတယ်။ line number 4 မှာ ရေးထားတဲ့ int main (void) ဆိုတဲ့ function အကြောင်းကို သချာင်္ သဘောတရားနဲ့ ကြည့်မယ်ဆိုရင် ဆယ်တန်း သချာင်္ သင်ခန်းစာရဲ့ chapter(1) Functions ဆိုတဲ့ အခန်းကနေ စပါမယ်.... သချာင်္သေဘာတရားနဲ့ ရှုပ်တယ်ဆိုရင် အောက်က ပုံကို ကျော်ဖတ်သွားလို့ပါတယ်ခင်ဗျာ။ 

Xနှင့် Y တို့သည် ဗလာမဟုတ်သော အစု နှစ်ခု ဖြစ်ပါစေ။
အစု X မှ အစု Y သို့ functionတစ်ခု ဆိုသည်မှာ ဆက်သွယ်ချက်တစ်ခုဖြစ်ပြီး၊
ယင်းဆက်သွယ်ချက်သည် X ၏ element တစ်ခု စီကို Y ၏ element တစ်ခု အတိအကျနှင့်
ဆက်သွယ်ပေး၏ function များကို f,g,h,α,φ စသည်တို့ ဖြင့် မှတ်သားထားလေ့ရှိ၏။
function f သည် X ထဲရှိ element x ကို Y ထဲရှိ element Y နှင့် ဆက်သွယ်ပေးလျှင်
f:x ၊—> y (တစ်နည်း) f(x)=y ဟုရေး၏
f(x) ကို f ကြောင့်ရသော x ၏ ပုံရိပ်ဟုခေါ်၏။
X ကို f ၏ domain ဟုခေါ်ပြီး၊ Y ကို f ၏ codomain ဟုခေါ်၏

Y ထဲရှိ element အားလုံး၏ အရိပ်များ ပါဝင်သော အစုကို f ၏ range ဟုခေါ်၏


                   function အကြောင်းကို ကောင်းစွာ နားလည်ရန် သင်္ချာပုစ္ဆာ တစ်ပုဒ်တွက်ကြည့်ပါမယ်။ 

f(x) = 2/ax+b ဆိုတဲ့ equtaion တစ်ခု ပေးထားပါတယ်။question (i) f(0)=-2 နှင့် f(2)=2 တို့ကို အသုံးပြုပြီး a နှင့် b တို့ကို ရှာကြည့် ပါမယ်။question(ii) ယင်း a နှင့် b တန်ဖိုးများကို f(x)=2/ax+b တွင် ထည့်ကြည့်ပါ။f(x)=x မှ x ကိုရှာပါ။f(p)+f(-p) ကို အရှင်းဆုံး ပုံစံဖြင့် ရေးပါ။ယင်းသည် 2f(p2)ဖြစ်၏
ယခု ပုစ္ဆာအတွက် တွက်ထားပုံ ကို အောက်တွင်ဖော်ပြထားပါသည်။

                   function တွေ ဟာ input တစ်ခု ထည့်ပေးလိုက်ရင် output တစ်ခု ထုတ်ပေးပါတယ် အောက်ပါ ပုံတွင်ကြည့်ပါ။


           

                     ခု ပုံမှာ ဆိုရင် function နှစ်ခု ရှိပါတယ် ပထမ function တစ်ခု ထဲကို input တစ်ခု အနေနဲ့ x=3 ဆိုပြီး ပေးလိုက်တဲ အခါမှာ f(x)=x2 (x power 2) ဆိုတဲ့ f(x) တန်ဖိုးဟာ 9 ဖြစ်သွားပါတယ် အဲဒိ ထွက်လာတဲ့ output တန်ဖိုး ကို နောက်ထပ် function တစ်ခု ထဲကို ထပ်ထည့်လိုက်ပါတယ်။ g(f(x))=g(f(9+1))=10 ဆိုပြီး output အနေနဲ့ 10 ထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ c programming မှာလည်း အဲလိုပါပဲ Main function တစ်ခု ပါ ပါတယ် သူက ဘာနဲ့ တူလဲဆိုတော့ gateway နဲ့ တူပါတယ် ဘာလို့လဲဆိုတော့ program တွေဟာ main function ကနေပဲ စပြီးတော့ အလုပ် လုပ်တာဖြစ်ပါတယ်။
                    အထက်ပါ program မှာဆိုရင်တော့  main ဆိုတာဟာ function ရဲ့ နံမည် ဖြစ်ပါတယ်။( Line number 4 ကိုကြည့်ပါ) main ဆိုတဲ့ function ရဲ့ ရှေ့မှာ int ဆိုတဲ့ စာလုံးလေး ပါ ပါသေးတယ်။အဲဒါက return value အနေနဲ့ integer data type ကို operation system သို့ ပြန်ပေးမယ်လို့ ပြောခြင်းဖြစ်ပါတယ်။ line number 4 မှာပဲ int main() ဆိုတဲ့ နောက်မှာ { ယခုကဲ့သို့ curly bracket လေး ပါ ပါသေးတယ်။ { လေး ဟာ ကျွန်တော်တို့ main ဆိုတဲ့ function ရဲ့ အစ ဖြစ်ပြီးတော့ line number 8 က } ဒီကောင်လေးကတော့ main function ရဲ့ အဆုံးဖြစ်ပါတယ်ခင်မျာ။ အခြားသော data type တွေနဲ့ အခြားသော function တွေကို နောက်ရက်တွေမှာ ဆက်ပြောပေးပါဦးမယ်ခင်မျာ။

GreenHackersTeam

No comments:

Post a Comment