Lesson 3 C programming - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, June 15, 2018

Lesson 3 C programming


Lesson 3
Simple C program with Integer(int)and Variable (Memory Location)


1 #include<stdio.h>
2 #include<conio.h>
3
4 int main(void) {
5   int number1 = 0;
6   int number2 = 0;
7   int total = 0;
8   printf_s("Please enter first number:\n");
9   scanf_s("%d", &number1);
10  printf_s("Please enter second number:\n");
11  scanf_s("%d", &number2);
12  total = number1 + number2;
13  printf_s("Total number is %d\n",total);
14  
15  _getch();
16  return 0;
17 }
             Line number 1,2,3,4 က ကျွန်တော် အရင် သင်ခန်းစာတွေ မှာ ရှင်းထား ပြီးသားဖြစ်တဲ့ အတွက် အခု line number 5 ကနေပြီးတော့ စရှင်းပါမယ် ခင်ဗျာ။ Line number 5 မှာ int number1=0; ဆိုပြီးတော့ ရေးထားပါတယ် သူ့မှာ ရှင်းပြ ရမယ့် အချက် ၂ ချက် ရှိပါတယ်..int ဆိုတဲ့ integer  data type ရယ် number1 ဆိုတဲ့ variable ရယ် ဖြစ်ပါတယ်…Integer data type ကို မရှင်းခင်မှာ ကျွန်တော်တို့တွေ တစ်ခု သိထားဖို့လိုပါတယ် အဲဒါကတော့ What are integers? Integer ဆိုတာ ဘာလဲပေါ့..Integer ဆိုတာကို မသိခင် Natural Numbers နဲ့ Whole Numbers တွေ ကို သိဖို့လိုပါတယ်……..Natural Numbers ဆိုတာကတော့ 1,2,3,4,5… etc တို့ဖြစ်ပါတယ်…Whole Numbers တွေကတော့ 0,1,2,3,5,……..စ သည်တို့ဖြစ်ပါတယ်…….integer ဆိုတာကတော့ အပေါင်းကိန်းပြည့်တွေ ရော အနုတ်ကိန်းပြည့်တွေရော သုည ရောပါမှာ ဖြစ်ပါတယ်………. …..,-3,-2,-1,0,1,2,3,……စသည်တို့သည် integers များဖြစ်ပါတယ်…… ..,-3,-2,-1 စသည်တို့သည် negative integers များဖြစ်ပါတယ်…. 1,2,3,….စသည်တို့သည် positive integers များဖြစ်ပါတယ်……. Zero(0) ကတော့ Neither Positive Nor Negative ဖြစ်ပါတယ်ခင်မျာ…. ရှုပ်သွားရင် အောက်က ပုံလေးမှာ math concept လေးနဲ့ ဖော်ပြထားပါ တယ်…..

               Computer programming ဘက်ကနေ သွားပါမယ်…… Data type တွေမှာဆိုရင် Standard C အရ အခြေခံ data type လေးခုရှိပါ တယ်…int , char , float , double  ရယ်ဖြစ်ပါတယ်။ 

data type 4 မျိုးမှာ သူရဲ့ ကိုယ်ပိုင် ကိုင်တွယ်ပြီး သိုလှောင် တွက်ချက် နိုင်တဲ့ ပမာဏ တန်ဘိုးရှိပါတယ်

  ….အောက်က ပုံလေးကို တစ်ချက်ကြည့်ပေးပါ….

                     Integer data type ကို မရှင်းခင်မှာ bit နဲ့ byte ကို ကွဲပြားစွာ သိထားဖို့လို ပါတယ် bit ဆိုတာက binary digit ကို ပြောတာပါ binary ဆိုတာကတော့ 01 base 2 number system ကိုပြောတာ ပါ..byte ကတော့ unit of digit Information ကို ပြောတာပါ သူကတော့ digit တွေရဲ့ unit ပါ…. 1 byte မှာ 8bit ရှိပါတယ် ကျွန်တော်တို့ အခု ပြောသွားမှာက 32 bit ပါ 32 bit ဆိုတာ 2 to the power 32 ကိုပြောတာပါ (ပုံထဲမှာကြည့်ပေးပါ).. အဲတော့ 2 to the power 32 ၇ဲ့ တန်ဖိုးဟာ 4294967259 ဖြစ်ပါတယ်..
ဒါပေမယ် ကျွန်တော်တို့က သူ့ကို အပေါင်းကိန်းရယ် အနုတ်ကိန်းရယ် ယူ ချင်တာပါ ထို့ကြောင့် 32 ထဲကနေ 1 နုတ်ပေးရပါတယ်….အဲဒါဆိုရင် 2 power က 31ဖြစ်သွားပြီး သူ့ တန်ဖိုးက 214748367 ဖြစ်ပါတယ်…… Positive integer ရယ်  negative integer ရယ် ပြန်ခွဲတဲ့ အချိန်မှာ (Positive integer = +214748367)ဖြစ်ပြီးတော့ (Negative integer= -214748367) ဖြစ်သွားပါတယ်……အခုဆိုရင် ကျွန်တော်တို့ Integer data type ထဲမှာ အပေါင်းကိန်း +214748367 ထိ သိုလှောင်နိုင်သွားပြီးတော့ အနုတ်ကန်း-214748367 ထိ From -214748367 to +214748367 ထိသိုလှောင်ကိုင်တွယ် နိုင်သွားမှာ ဖြစ်ပါတယ် ….ဒါဆိုရင် ပုံလေးနဲ့ တွဲကြည့်ပြီး 32 ထဲကနေ 1 ကို ဘာကြောင့်နုတ်လိုက်ရတယ် ဆိုတာကို နားလည် လိမ့်မယ်လို့မျှော်လင့်ပါတယ်…. ဥပမာ ပေးရရင် int ဆိုတဲ့ ဂျက်ဖာဗူး ထဲမှာ စာလုံးပေါင်း -214748367 to +214748367 ထိ နှစ်ခုပေါင်း 4294967259 လောက်ကို ထည့်ထားနိုင်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်……………. အထက်မှာ ရှင်းပြထားတာက 32 bit က int data type ကိုပဲ ရှင်းပြပေးထား တာဖြစ်ပါတယ်…..64 bit မှာ 2 power 64 ဆိုရင်တော့ သူ့တန်ဖိုးက 18446744073709551616 ပါ အပေါင်းကိန်
ရယ် အနုတ်ကိန်းရယ် ပြန်လုပ်ဖို့ 2 to the power 63 ကတော့ 9,223,372,036,854,775,808 ဖြစ်ပ

တယ် negative integer -9,223,372,036,854,775,808 ကနေ  +9,223,372,036,854,775,808  ထိပေါင်း18446744073709551616 ကို  ကိုင်တွယ် သိုလှောင်နိုင်သွားမှာဖြစ်ပါတယ်…   ဒါဟာ data type တွေ အများကြီး ရှိတဲ့ ထဲက integer data type အကြောင်းကို အကြမ်းဖြင်းလေး ပြောပြ တာပါ အခု ဆက်လက်ပြီး variable ဆိုတာကို ပြောပြပါမယ်…..variable ဆိုတာ memory ထဲမှာ ရှိတဲ့ location တစ်ခုကို လှမ်းပြီး ညွှန်းထားတာ ဖြစ်ပါတယ်..အဲဒိ location ထဲမှာ သူနဲ့ သက်ဆိုင်တဲ့ value တစ်ခုကို သိမ်းထားတာ ဖြစ်ပါတယ်…အဲဒိ သိမ်းထားတဲ့ value ကိုမှ ကျွန်တော်တို့ program အလုပ်လုပ် တဲ့ အချိန်မှာ ခေါ်သုံးမှာ ဖြစ်ပါတယ်….

                              ပုံမှာ ကြည့်မယ် ဆိုရင် မြှား အ၀ါနဲ့ ပြထားတဲ့ 0x0116FE74 ဆိုတာ number1 ဆိုတဲ့ Variable name ရဲ့ memory address ပါ မြှား အနီရောင်နဲ့ ပြထားတာကတော့ သူရဲ့ value ဖြစ်ပါတယ်  Variable တွေမှာ အချက်သုံးချက် မှတ်ထားရပါမယ် အဲဒါကတော့ name ရယ် type ရယ် value ရယ်ဖြစ်ပါတယ်..line number 5 int number1 = 0; မှာ number1 ဆိုတာက variable name ဖြစ်ပါတယ်။integer data type နဲ့ number1 ဆိုတဲ့ variable တစ်ခုကို ကြေငြာထားခြင်းဖြစ်ပါတယ်line number 5 and 6 မှာ ကျွန်တော်တို့ Program ထဲမှာ သုံးချင်တဲ့ variable ကို သုံးချင်တဲ့ data type နဲ့ ကြေငြာထားပါတယ် တစ်ခု မှတ်ထားရမှာ program ထဲမှာ ခေါ်မသုံးခင် ကိုယ်သုံးချင်တဲ့ variable တွေကို ကြိုပြီးကြေငြာထားရမှာ ဖြစ်ပါတယ်ခင်မျာ။ ကျွန်တော်တို့ variable တွေကို int number1 = 0; and int number2=0; လို့မကြေငြာဘဲ int number1,number2; ဆိုပြီးတော့လဲ ကြေငြာထားလို့ရပါတယ်.ဒါပေမယ့် ကျွန်တော်တို့တွေ int number1=0; လို့မကြေငြာထားခဲ့ဘူးဆိုရင် int number1; ဆိုပြီး ရိုးရိုးပဲ ကြေငြာခဲ့ရင် visual studio နဲ့ watch လုပ်ကြည့်တဲ့ အချိန်မှာ သူ့ထဲမှာ ဘယ်ကမှန်းမသိတဲ့ random value တွေ ၀င်နေတာကို တွေ့ရပါတယ်..ဒါကတော့ မိမိတို့ သဘောအတိုင်း အဆင်ပြေသလို ကြေငြာလို့ ရပါတယ် ကိုကိုယ်တိုင် လေ့လာပြီး အသုံးပြုတာက တော့ အကောင်းဆုံး ဖြစ်မှာပါ…          အပေါ်က program လေးကို စပြီးတော့ ရှင်းကြရအောင်
5   int number1 = 0;
6   int number2 = 0;
7   int total = 0;
မှာဆိုရင် integer data type တွေနဲ့ variable တွေကြေငြာ ထားလိုက်ပါ တယ်..အဲဒိ variable တွေကိုမှ program ထဲမှာ ခေါ်သုံးမှာ ဖြစ်ပါတယ်..
8   printf_s("Please enter first number:\n");
9   scanf_s("%d", &number1);
10  printf_s("Please enter second number:\n");
11  scanf_s("%d", &number2);
Number 8 ကတော့ printf_s ဆိုတဲ့ function ကိုသုံးပြီး user ဆီကို
Screen ပေါ်မှာ ပေါ်အောင် please enter first number: ဆိုပြီး message တစ်ကြောင်းရေးခိုင်းလိုက်တာပါ promt လုပ်တယ် လို့လဲ ခေါ်ပါတယ်
Please enter a number: ဆိုတဲ့ နောက်မှာ \n ဆိုတာလေး ပါ ပါသေးတယ်\n ဆိုတာ ကိုသိဖို့ ဆိုရင် escape sequence ဆိုတာကို သိဖို့ လိုပါတယ် c programming မှာဆို အခြေ ခံ အနေနဲ့ escape sequence ၅ မျိုး ရှိပါတယ်..
1.   \n
2.   \t
3.   \a
4.   \\
5.   \”

\n ဆိုတာကတော့ newline ပါ ဆိုလိုချင်တာကတော့ program ထဲမှာ \n ကို တွေ့တာနဲ့ အောက်ကို တစ်ကြောင်းဆင်းသွားမှာ ဖြစ်ပါတယ်…… \t ဆိုတာကတော့ Horizontal tab ပါ ဆိုလိုချင်တာကတော့ စာကြောင်းထဲမှာ  tab တစ်ချက် ခုန်သွားမယ်လို့ ပြောချင်တာပါအောက်ကပုံမှာ ကြည့်ပေးပါခင်မျာ
\a ဆိုတာကတော့ Alert ပါ ဆိုလိုချင်တာကတော့ အသံ သို့မဟုတ် သိသာတဲ့ အရာ တစ်ခုခု နဲ့ ရောက်နေတဲ့ cusor နေရာမှာ alert လုပ်တာပါ.. အောက်က ပုံမှာကြည့်လို့ရပါတယ် ..
                           \\ ဆိုတာကတော့ Backslash ပါ ဆိုလိုချင်တာကတော့ ကျွန်တော်တို့ စာကြောင်းထဲမှာ ဆိုတဲ့ charater ကို ထည့်မယ်လို့ ပြောတာပါ…  အောက်က ပုံမှာ ပြထားပါတယ် .



                          \* ဆိုတာကတော့ double quote ပါ ဆိုလိုချင်တာကတော့ ကျွန်တော်တို့  စာကြောင်းထဲမှာ * ဆိုတဲ့ charater ကို ထည့်မယ်လို့ ပြောတာပါ… အောက်က ပုံမှာ ကြည့်ပါခင်မျာ

                         ဒီလောက်ဆိုရင် c programming ရဲ့ escape sequence အကြောင်းကို အနည်းငယ် သိသွားမယ်လို့ ထင်ပါတယ်ကျွန်တော်တို့ program လေးကို ဆက်သွားရအောင် line number8 က နောက်ဆုံး \n ကို တွေ့တာနဲ့Cursor က အောက်တစ်ကြောင်းကို ဆင်းသွားပါတယ် ဒီနေရာမှာ သတိ တစ်ခုထားရမှာက ကျွန်တော်တို့ promt လုပ်ချင်တဲ့ စာကြောင်း အစမှာရော အဆုံးမှာရော double quote (“…….”) ကို ထည့်ဖို့ မမေ့ပါနဲ့ .. ပြီးရင်တော့ Line အဆုံးမှာ (;) ဒီကောင်လေး ထည့်ပေးရပါတယ်.
9   scanf_s("%d", &number1);  Line number 9 မှာ scanf_s ဆိုတာကတော့ scan  formatted ကို ဆိုလိုတာပါ..scanf_s ဆိုတဲ့ function မှာ argument နှစ်ခု ပါ ပါတယ်(ပထမ argument ကတော့ %d ဒုတိယ တစ်ခုကတော့ ampersand(&) သူ့ကို address operator လို့လဲ ခေါ်ပါတယ် သူက user ဆီက နေပြီး ထည့်လိုက်တဲ့ တန်ဘိုး(standard input,eg, keyboard)  ကို ဖတ်လိုက်တာပါ. %d ဆိုတာကတော့ integer နဲ့ ဖတ်မယ်လို့ ပြောတာပါ (d ဆိုတာကတော့ decimal ကိုပြောချင်တာပါ). သူ့ကိုလည်း double quote လေးတွေ ထဲထည့်ပါ ပြီးရင်တော့ (,) လေးထည့်ဖို့ မမေ့ပါနဲ့ . နောက်တစ်ခုကတော့ &number1(address of number1) သူပြောချင်တာက user ဆီက ရိုက်ထည့်လိုက်တဲ့ တန်ဘိုးကို %d ဆိုတဲ့  integer နဲ့ ဖတ်ပြီး number1 ဆိုတဲ့Address ရှိတဲ့ နေရာမှာ သိမ်းမယ်လို့ပြောလိုက်တာပါ… အခုဆိုရင် line number 8 and 9 ကို နားလည် သွားလိမ့်မယ်လို့ထင်ပါတယ်အခုဆက်ဖတ်လိုက်ရင် 10 and 11 ကိုလည်း နားလည် သွားပါလိမ့်မယ်… 
10  printf_s("Please enter second number:\n");
11  scanf_s("%d", &number2);
အခုဆက်ပြီး

အထက်မှာ ပြထားတဲ့ ပုံကတော့ ကျွန်တော်တို့ ပေးလိုက်တဲ့ number ကို Hexa decimal value နဲ့ ဖော်ပြထားတာဖြစ်ပါတယ်မြားအနီရောင်နဲ့ ပြ ထားတဲ့ 0x008FFDE0 ဆိုတာကတော့ သူ့ရဲ့ address ဖြစ်ပါတယ်

 12  total = number1 + number2;
13  printf_s("Total number is %d\n",total);
ကို ရှင်းပါမယ်. Line number 12 ကတော့ number1 + number2
ပေါင်းလို့ရလာတဲ့ တန်ဘိုးကို assignment operators ဖြစ်တဲ့ (=) ကို သုံးပြီး total ဆိုတဲ့ variable ထဲကို ထည့်လိုက်တာ ဖြစ်ပါတယ် ပြီးရင်တော့ line number 13 မှာ total ရဲ့ value ကို promt လုပ်လိုက်ပါတော့တယ်.အောက်က ပုံတွင် ကြည့်ပါ ခင်မျာ.

နောက်ထပ် lesson တွေကိုလည်း ဆက်လက်ပြီး ဖော်ပြပေးသွားပါဦးမယ် ခင်ဗျာ ။
Green HackersTeam


























































No comments:

Post a Comment