ü ARM
က RISC Architecture ဖြစ်ပါတယ်။
ü “ARM”
ဆိုတဲ့စာလုံးကို အကျယ်ဖြန့်ပြောရရင် “Advanced
RISC
Machines”
ဖြစ်ပါတယ်။
ü ARM7
ရဲ့ Architecture က von Neuman Architecture ဖြစ်ပါတယ်။
ü ARM9
ရဲ့ Architecture က Harvard Architecture ဖြစ်ပါတယ်။
ü ARM
သုံးထားတဲ့ devices တွေအများကြီးရှိတဲ့အတွက် ARM ဟာ ကမ္ဘာမှာ ကျယ်ပြန့်စွာ အသုံးပြုတဲ့
Processor core တစ်ခုဖြစ်ပါတယ်။
ü ပါဝါသုံးစွဲမှုနည်းတာကြောင့်
Portable devices တွေမှာ အထူးအသုံးပြုတဲ့ Processor Core တစ်ခုဖြစ်ပါတယ်။
ARM
Busses
AMBA ဆိုတာရှိပါတယ်။ သူ့မှာ
ပြင်ပ devices တွေအများကြီးရှိပြီးတော့ Open standard ဖြစ်ပါတယ်။ AMBA ကိုနှစ်မျိုးထပ်ခွဲပါသေးပါတယ်။
ပထမတစ်မျိုးက AHB(AMBA High-Performance Bus) ဖြစ်ပြီး တော့ APB(AMBA Peripherals
Bus) ဖြစ်ပါတယ်။ အောက်ကပုံမှာ ကြည့်လိုက်ပါ။
Processor
Operating States
ARM7TDMI processor မှာ
Operating State နှစ်ခုရှိပါတယ်။
ü ပထမတစ်ခုက
ARM – 32 bit , ဖြစ်ပြီးတော့ Word-aligned ARM instruction တွေအလုပ်လုပ် တဲ့ state
ဖြစ်ပါတယ်။
ü ဒုတိယတစ်ခုကတော့
Tumb – 16 bit ဖြစ်ပြီးတော့ halfword-aligned Thumb instructions တွေအလုပ်လုပ်တဲ့
state ဖြစ်ပါတယ်။
ARM7TDMI Core ရဲ့
Operating State နှစ်ခုဖြစ်တဲ့ ARM state နဲ့ Thumb state ကို BX (Branch and
Exchange) instruction တွေသုံးပြီးတော့ ဖလှယ်လို့ရပါတယ်။
Operating
Modes
ARM7TDMI processor မှာ
Operation mode ခုနှစ်ခုရှိပါတယ်။
1.
User Mode(usr) ကတော့ သာမာန် ပရိုဂရမ်တွေအလုပ်လုပ်တဲ့ mode ဖြစ်ပါတယ်။
2.
Fast Interrupt mode(fiq) ကတော့ High-speed data transfer နဲ့ channel
process ကိုထောက်ပံပေးတဲ့ Operation mode ဖြစ်ပါတယ်။
3.
Interrupt Mode(irq) ကတော့
Generalpurpose interrupt handling အတွက်သုံးပါတယ်။
4.
Supervisor mode(svc) ကတော့ Operating System(OS) အတွက် Protected
Mode တစ်ခု ဖြစ်ပါတယ်။
5.
Abort Mode(abt) ကတော့ မှတ်ဥာဏ်အတု သို့မဟုတ် Memory
Protection ကို implement လုပ်ပါတယ်။
6.
System mode(sys) ကတော့ OS နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ပေးတာ
ဖြစ်ပါတယ်။ OS အတွက် Privileged User mode တစ်ခုဖြစ်ပါတယ်။
7.
Undefined mode(und) ကတော့ Hardware coprocessor
တွေရဲ့ software emulation ကို support ပေးပါတယ်။
User Mode ကလွဲကတော့ ကျန်တာတွေအားလုံးဟာ
privileged mode ဖြစ်ပါတယ်။
- အားလုံးကိုကျေးဇူးတင်ပါတယ်။
-
ဆက်ရန်
--- Zaw Myat
No comments:
Post a Comment