Digital Connections
ပုံတွင် ပြထားသည့်အတိုင်း Arduino Uno ၏ အပေါ်ဘက်တွင် 0 မှ 13 အထိ အမှတ်စဉ်ထိုးထားသော digital pins များ ပါဝင်ပါသည်။ ၄င်း pins များကို input အတွက် ဖြစ်စေ၊ output အတွက် ဖြစ်စေ အသုံးပြုနိုင်ပါသည်။
Digital pins များကို output အဖြစ် အသုံးပြုသည့် အခါများတွင် 5V ကို အဖွင့်အပိတ် ပြုလုပ်နိုင်သည့် power supply သဖွယ် အသုံးပြုနိုင်ကြပြီး ၄င်းကို sketch အတွင်း ပရိုဂရမ် ရေးသား၍ ထိန်းချုပ်နိုင်ပါသည်။ ထိုသို့ အသုံးပြုရာတွင် Arduino board ၏ အများဆုံး current ခံနိုင်ရည်ထက် မကျော်လွန်စေရန် ဂရုပြုရမည် ဖြစ်ပါသည်။
အဆိုပါ digital pins များတွင် pin 0 နှင့် 1 သည် Serial communication အတွက် အသုံးပြုထားသော pin များ ဖြစ်ကြပြီး USB port ရှိ serial pins များနှင့် တစ်ဆက်တည်း ဖြစ်ပါသည်။ ထို့ကြောင့် USB port မှ တဆင့် Arduino အား ပရိုဂရမ် ရေးသွင်းခြင်း၊ Serial Monitoring ပြုလုပ်နေချိန်များတွင် digital pin 0 နှင့် 1 ကို အသုံးမပြုရပါ။ (USB ကြိုးကို အသုံးပြု၍) ကွန်ပျူတာနှင့် တိုက်ရိုက် မချိတ်ဆက်လိုသည့်အခါ အခြား devices များနှင့် serial communication ပြုလုပ်ရန် အတွက်သာ အသုံးပြုရမည် ဖြစ်ပါသည်။ RX(receive) နှင့် TX(transmit) ဟု စာတမ်းထိုးထားပါသည်။
...
PWM pins
Digital pins များသည် 40mA current သာ ပံ့ပိုးပေးနိုင်ပါသည်။ စိတ်ချရစေရန် 20mA သာ အသုံးပြုသင့်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ power group အလိုက် 100mA ထက် ကျော်လွန် မသုံးမိစေရန် သတိပြုရမည် ဖြစ်ပါသည်။ ထို့ကြောင့် pin output current သည် standard LED တစ်လုံး ထွန်းရန် လုံလောက်သော်လည်း မော်တာများအား တိုက်ရိုက်မောင်းနှင်နိုင်စွမ်း မရှိပါ။
...
Dr. Aung Win Htut
Founder and President
Green Hackers
No comments:
Post a Comment