Arduino သင်ခန်းစာ (၆) - Analog Pins (Arduino UNO) - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, April 6, 2018

Arduino သင်ခန်းစာ (၆) - Analog Pins (Arduino UNO)

Analog Input Pins 
ပုံတွင် ပြထားသည့်အတိုင်း Arduino Uno ၏ အောက်ဘက် ညာခြမ်းတွင် A0 မှ A5 အထိ အမှတ်စဉ်ထိုးထားသော Analog Input pins ၆ ခု ပါဝင်ပါသည်။ Arduino တွင် အသုံးပြုထားသည့် Atmega controller များတွင် 10 bit resolution ရှိသော analog-to-digital (A/D) converter ပါဝင်ပါသည်။ ထို့ကြောင့် ၄င်း pin များတွင် ချိတ်ဆက်ထားသော Voltage တန်ဖိုးများကို 0 မှ 1023 အထိ integers တန်ဖိုးများ ဖတ်ယူရရှိမည် ဖြစ်ပါသည်။
မှတ်သားရမည့် အချက်မှာ analog pin များသည် Voltage ကိုသာ တိုင်းတာခြင်းဖြစ်ပြီး current အားတိုင်းတာခြင်း မဟုတ်ပါ။ Ground နှင့် analog pin များကြား ကြီးမားသည့် internal resistance ရှိသောကြောင့် current အနည်းငယ်သာ စီးဆင်းမည်ဖြစ်သည်။
Analog pin များကို များသောအားဖြင့် analog sensors များမှ တန်ဖိုးများ ဖတ်ယူရန် အသုံးပြုလေ့ ရှိကြသော်လည်း analog pins များတွင် သာမန် digital GPIO pins များကဲ့သို့ အသုံးပြုနိုင်သည့် (ရေးနိုင်ဖတ်နိုင်သည့်) လုပ်ဆောင်နိုင်စွမ်း အပြည့်အဝ ပါဝင်ပါသည်။ ထို့ကြောင့် digital GPIO pins များ ပိုမိုလိုအပ်သည့် အချိန်တွင် analog pins များအား digital GPIO pins များအဖြစ် အသုံးချနိုင်ပါသည်။
...
Pin mapping
Analog pins များကို digital pins များကဲ့သို့ပင် အသုံးချနိုင်စွမ်း ရှိပါသည်။ ထိုသို့ အသုံးပြုရာတွင် analog pin နံပါတ်များအား ရှေ့မှ A ခံ၍ အသုံးပြုရမည် ဖြစ်ပါသည်။ ဥပမာ analog pin 0 အား A0 ဟု အသုံးပြု ရေးသားရမည် ဖြစ်ပါသည်။ Analog pin 0 အား output အဖြစ် ကြေငြာပြီး HIGH ပြုလုပ်ပုံကို အောက်ပါ ကုဒ်များအား လေ့လာကြည့်ပါ-
...
pinMode(A0,OUTPUT);
digitalWrite(A0,HIGH);
...
Pullup resistors 
Analog pins များတွင် digital pins များကဲ့သို့ပင် pullup resistors များ ပါရှိပါသည်။ အဆိုပါ pullup resistors များအား အသက်ဝင်လာစေရန် အောက်ပါ command အား အသုံးပြုနိုင်ပါသည်။
...
digitalWrite(A0, INPUT_PULLUP); // set pullup on analog pin 0
...
အသေးစိတ်ဂရုပြုရမည့် အချက်များ
Analog pin များကို OUTPUT အဖြစ် အသုံးပြုခဲ့ပါက analogRead command သည် ကောင်းစွာ အလုပ်လုပ်မည် မဟုတ်ပါ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ၄င်း pin ကို INPUT အဖြစ် ပြန်လည် သတ်မှတ်ပေးရန် လိုအပ်ပါသည်။ အကယ်၍ OUTPUT အခြေအနေတွင် HIGHT ပေးခဲ့ပါက INPUT အဖြစ် ပြန်လည်သတ်မှတ်သည့် အခါမျိုးတွင် pullup resistor သည် set ဖြစ်နေမည် ဖြစ်ပါသည်။
ထို့ပြင် Atmega datasheet တွင် analog pins များအား digital mode အဖြစ် ပြောင်းလဲ လိုက်သည့် အချိန်မျိုးတွင် အနီးရှိ အခြား analog pins များ၏ analogRead() function အသုံးပြု၍ A/D reading ပြုလုပ်ခြင်းအား အနှောက်အယှက် ဖြစ်စေနိုင်ကြောင်း သတိပေးထားပါသည်။ ထို့ကြောင့် ထိုသို့ ပြောင်းလဲ အသုံးပြုသည့်အခါ အခြား analog pin များ analogRead() မပြုလုပ်မီ delay အနည်းငယ်ခံ၍ စောင့်ဆိုင်းသင့်ပါသည်။
...
I2C pins

Arduino UNO တွင် Analog pin A4 နှင့် A5 ကို I2C protocol ၏ SDA နှင့် SCL pin များအနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။ SDA (A4) pin သည် data line ဖြစ်ပြီး SCL (A5) pin သည် clock line ဖြစ်ပါသည်။ အသေးစိတ်ကို I2C protocol သင်ခန်းစာတွင် ဆက်လက် တင်ပြသွားပါမည်။
...
မေတ္တာဖြင့်
Dr. Aung Win Htut
Founder and President
Green Hackers

No comments:

Post a Comment