Arduino သင်ခန်းစာ (၅) - Power Pins (Arduino UNO) - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, April 6, 2018

Arduino သင်ခန်းစာ (၅) - Power Pins (Arduino UNO)

Arduino Uno သည် စတင်လေ့လာသူများ အသုံးအများဆုံး Arduino board ဖြစ်ပါသည်။ ဤအခန်းတွင် Arduino Uno Power pin များ အကြောင်းကို ရှင်းလင်းတင်ပြပေးသွားမည် ဖြစ်ပါသည်။ သင်ခန်းစာ (၃) တွင် Arduino တွင် ပါဝင်သည့် အစိတ်အပိုင်းများ အကြောင်း အကျဉ်းမျှ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း ပိုမို ပြည့်စုံစွာ နားလည်စေရန် ရည်ရွယ်ပါသည်။ 
...
Power Supply 
ပုံတွင် ပြထားသည့်အတိုင်း USB connector ၏ အောက်တွင် 5V regulator ပါဝင်ပါသည်။ ၄င်း regulator သည် DC power socket (အောက်ဆုံး) သို့ ချိတ်ဆက်ထားသော 7V မှ 12V ကြား power supply ကို constant 5V အဖြစ် အသေပြောင်းလဲ ပေးနိုင်ပါသည်။ ထို့ကြောင့် များသောအားဖြင့် DC power socket မှ 9V battery ဖြင့် ပါဝါပေးလေ့ ရှိသော်လည်း Arduino အား ပရိုဂရမ် ရေးသားရန် ချိတ်ဆက်ရသည့် USB cable မှတဆင့်လည်း ပါဝါပေးနိုင်စွမ်း ရှိပါသည်။ 
...
Power Connections 
ပုံ၏ အောက်ခြေတွင် ပြထားသော connectors များကို ကြည့်ပါ။ ဘယ်ဘက်တွင် စာတမ်းထိုးထားသည့် Power pin များကို တွေ့ရမည် ဖြစ်ပါသည်။ 
IOREF pin ကို beginner များအနေဖြင့် သုံးရန် မလိုအပ်ပါ။ ၄င်း pin သည် Arduino board မှ input နှင့် output များအတွက် အသုံးပြုသော volage level ( 5V or 3.3V) ကို သိရှိနိုင်စေရန် အသုံးပြုထားသည့် pin ဖြစ်သည်။ များသောအားဖြင့် Arduino Shield များ ဒီဇိုင်းပြုလုပ်ရာတွင် မိမိနှင့် ချိတ်ဆက်ထားသည့် Arduino အား input, output ပြုလုပ်ရန် လိုအပ်သည့် ဗို့အားမည်မျှ ဖြစ်သည်ကို အဆိုပါ IOREF pin ကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။
အထက်ပါပုံတွင် IOREF pin နှင့် Gnd pin ကို မီတာဖြင့် တိုင်းတာခဲ့ရာ အခြား IO ports များနည်းတူ 4.857 V ထွက်ရှိသည်ကို သတိပြုမိပါသည်။
...
RESET pin သည် ကွန်ပျူတာ reset ခလုတ်ကဲ့သို့ Arduino အား အစမှ ပြန်စစေရန် အသုံးပြုရသည့် pin ဖြစ်ပါသည်။ RESET button နှင့် အတူတူပင် ဖြစ်ပါသည်။ Microcontroller အား reset ပြုလုပ်ရန် RESET pin ကို ခေတ္တခဏ low ပြုလုပ်ပေးရမည် သို့မဟုတ် 0V (GND) နှင့် ချိတ်ဆက်ပေးလိုက်ရမည် ဖြစ်ပါသည်။ 
...
ကျန် power pin များမှာ 3.3V, 5V, GND, နှင့် Vin များ ဖြစ်ကြပါသည်။
...
Note: 5V နှင့် 3.3V power pin များကို ပြင်ပမှ မှားယွင်းပြီး ပါဝါမပေးမိစေရန် ဂရုပြုရမည် ဖြစ်ပါသည်။ Voltage regulator IC လောင်သွားနိုင်ပါသည်။
...
Vin သည် Arduino အား ပြင်ပမှာ ပါဝါပေးရန် အသုံးပြုနိုင်သော pin တစ်ခုဖြစ်ပြီး USB port နှင့် DC power socket များမှ ပါဝါမပေးလိုသည့် အခါတွင် အသုံးပြုနိုင်ပါသည်။ 
...
GND pin သည် ground pin ဖြစ်ပြီး 0V reference ဖြစ်ပါသည်။ အဆိုပါ Ground pin နှင့် နှိုင်းယှဉ်ခြင်းဖြင့် အခြား Voltage များကို တိုင်းတာရရှိနိုင်မည် ဖြစ်ပါသည်။ ပြင်ပ circuit များနှင့် ဆက်ရာတွင် Ground ချင်းဆက်၍ ဘုံ Ground တည်ဆောက်ရန်  အသုံးပြုပါသည်။
...
မေတ္တာဖြင့်
Dr. Aung Win Htut
Founder and President
Green Hackers

No comments:

Post a Comment