Arduino သင်ခန်းစာ (၂) - Arduino ကို အသုံးပြုဖို့ ဘာတွေ လိုအပ်မလဲ - Arduino Myanmar

Breaking

Open Arduino for Myanmar

Monday, April 2, 2018

Arduino သင်ခန်းစာ (၂) - Arduino ကို အသုံးပြုဖို့ ဘာတွေ လိုအပ်မလဲ

ပထမဆုံး ပရိုဂရမ်းမင်း အခြေခံကို သိထားဖို့ လိုအပ်ပါတယ်။ အခြေခံ သိထားရုံနဲ့ အလွယ်တကူ အသုံးပြုရေးသားနိုင်ပါတယ်။ သူ့မှာ အသုံးပြုထားတဲ့ ပရိုဂရမ်းမင်း ဘာသာစကားက C/C++ ဖြစ်နေတဲ့အတွက် အဲဒီဘာသာစကား ရေးသားနည်း အခြေခံတွေကို သင်ယူထားဘူးရင် အခက်အခဲမရှိဘဲ ရေးသားနိုင်မှာပါ။
...
Arduino IDE
...
...
အဲဒီလို ရေးသားဖို့အတွက် Arduino IDE ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Arduino official website ကနေ အခမဲ့ ရယူနိုင်ပါတယ်။ https://www.arduino.cc/en/Main/Software ဆိုတဲ့ လင့်ကနေ တဆင့် အောက်ပါအတိုင်း download ရယူလိုက်ပါ။
...
...
နောက်ထပ် ပေါ်လာမည့် စာမျက်နှာမှာ Arduino အဖွဲ့ကို ကူညီဖို့ ငွေလှူချင်တယ်ဆိုရင် CONTRIBUTE & DOWNLOAD ကို ကလစ်လုပ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများက လှူချင်တာတောင် လှူလို့ မရတဲ့ အတွက် အများစုက ပုံမှာ ပြထားတဲ့ အတိုင်း JUST DOWNLOAD ကို ကလစ်နှိပ်ပါ။ ဆော့ဖ်ဝဲ ကျလာပါလိမ့်မယ်။
...
...
Download လုပ်လို့ ရလာတဲ့ ဖိုင်ကို install လုပ်ပြီး Run လိုက်ပါက အောက်ပါအတိုင်း Arduino IDE ပွင့်လာမှာ ဖြစ်ပါတယ်။ Java programming ကို အသုံးပြုပြီး ရေးသားထားတာ ဖြစ်တဲ့ အတွက် Mac, Linux နဲ့ Windows အားလုံးမှာ တစ်ပုံစံတည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
...
Arduino boards အမျိုးအစား အချို့
...
...
ဒါဆိုရင် Arduino code တွေကို C/C++ နဲ့ စမ်းသပ်ရေးသားလို့ ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း အဲဒီကုဒ်တွေကို upload လုပ်ပြီး ထည့်သွင်းပေးရမယ့် arduino hardware တစ်ခုခု လိုနေပါသေးတယ်။ အောက်မှာ အခု ဒီစာအုပ်ကို ရေးနေတဲ့ အချိန်က Arduino development board အချို့နဲ့ ဈေးနှုန်းများကို မြင်နိုင်ပါတယ်။ စတင်လေ့လာကာစ beginner တစ်ယောက် အနေနဲ့ကတော့ Arduino Nano သို့မဟုတ် Arduino Uno board တစ်ခုကို ဝယ်ယူထားသင့်ပါတယ်။ နဲနဲ အဆင့်မြင့်တဲ့အပိုင်း လေ့လာနေသူများအတွက်တော့ Arduino Mega Dev board မှ အဆင်ပြေမှာ ဖြစ်ပါတယ်ခင်ဗျာ။

1 comment: