Arduino သင်ခန်းစာ (၃) - Arduino UNO တွင် ပါဝင်သည့် အစိတ်အပိုင်းများ - Arduino Myanmar

Breaking

Open Arduino for Myanmar

Monday, April 2, 2018

Arduino သင်ခန်းစာ (၃) - Arduino UNO တွင် ပါဝင်သည့် အစိတ်အပိုင်းများ


ပုံတွင် ပြထားသည့်အတိုင်း Arduino Uno တွင် ပါဝင်သည့် အဓိက အစိတ်အပိုင်းများကို လေ့လာနိုင်ပါသည်။ 
1- Digital Pins ဆိုသည်မှာ Arduino board ကို အသုံးပြု၍ digital Input နှင့် Output ပြုလုပ်နိုင်သော pins များကို ဆိုလိုပါသည်။ Digital Input/Output ဆိုသည်မှာ HIGH နှင့် LOW condition နှစ်ခု ဖြစ်ပါသည်။ အကြမ်းအားဖြင့် Arduino UNO တွင် HIGH သည် 5V ဖြစ်ပြီး LOW သည် 0V အခြေအနေ ဖြစ်ပါသည်။ နောက်ပိုင်း သင်ခန်းစာများတွင် အသေးစိတ် ဆက်လက် ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ Digital Pins အရေအတွက်သည် Arduino board အမျိုးအစားအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
2- Power LED သည် Arduino အား power ရနေသမျှ လင်းနေမည့် အချက်ပြမီး ဖြစ်ပါသည်။
3- Atmel Microcontroller သည် Arduino တစ်ခုလုံးအတွက် ဦးဏှောက်သဖွယ် ဖြစ်ပါသည်။ Arduino UNO အတွက် ATmega328P microcontroller ကို အသုံးပြုထားပါသည်။
4- Analog Input pins များသည် analog တန်ဖိုးများကို ဖတ်ယူရန် အသုံးဝင်ပါသည်။ ဖတ်ယူရရှိသော analog တန်ဖိုးများကို digital အဖြစ်ပြောင်းလဲပေးမည် ဖြစ်ပါသည်။
5- Power supply pins များကို Arduino အား ပါဝါပေးရန် နှင့် Arduino မှ အခြား devices များအား 5V နှင့် 3.3V များ ထုတ်ပေးရန် အသုံးပြုနိုင်ပါသည်။
6- DC power plug ကို အသုံးပြု၍ Arduino အားပြင်ပမှ DC power ပေးနိုင်ပါသည်။
7- USB port ကို Arduino အား DC power ပေးရန်နှင့် serial communication ပြုလုပ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ Arduino အား ပရိုဂရမ် ရေးသွင်းရန် USB port ကို အသုံးပြုရမည် ဖြစ်ပါသည်။
8- Reset button ကို Arduino အား reset ချ၍ အစမှ ပြန်လည်စတင်ရန် အသုံးပြုနိုင်ပါသည်။

No comments:

Post a Comment