Lesson 1 C programming - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, June 15, 2018

Lesson 1 C programming

Lesson 1 C programming
အခုပုံထဲမှာ ပြထားတဲ့ code လေးတွေကတော့ c program တစ်ခုကို စတင်ရေးသားထားတာဖြစ်ပါတယ်။ မိမိတို့ အဆင်ပြေတဲ့ ide တစ်ခုမှာ ရေးသားနိုင်ပါတယ်။ တစ်ခုသတိထားရမှာ printf_s နေရာမှာ printf လို့ရေးလည်းရပါတယ်။ ထို့အတူပဲ _getch() နေရာမှာလည်း error တက်နေခဲ့ ရင် getch() လို့ပဲရေးပါ။ အထက်ပါ program ကို မိမိတို့ ide မှာရေးသားပြီး run လိုက်မယ်ဆိုရင် Hello C ဆိုတဲ့ စာတန်းလေး တစ်ကြောင်း ထွက်လာပါမယ်။ ရှင်းလင်းချက်လေးတွေကို ကြည့်ရအောင်

#include Preprocessor Directive
c preprocessor ဆိုတာ source code file ကို compiler ကနေ compile မလုပ်ခင်မှာ modifies လုပ်ခြင်း ဖြစ်ပါတယ်။
preprocessor ကို ၃ နေရာမှာ သုံးပါတယ်။
၁။ directives
၂။ constants
၃။ macros
ကျွန်တော်အခု ပြောပြချင်တာ ကတော့ directives အကြောင်းဖြစ်ပါတယ်။ အထက်ပါ ပုံထဲက line number 4 ကိုကြည့်ပါ) Directives တွေက အမြဲတမ်း sharp sign(#)
နဲ့ ရေးကြပြီး သူက preprocessor ကို program ထဲမှာ include (<stdio.h>) ဆိုတဲ့ standard input output header တွေ
ပါဝင်မယ်ဆိုပြီး ညွှန်ကြားပါတယ် ။ထို <stdio.h> ဆိုတဲ့ header ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို comipler ကနေ compile လုပ်တဲ့ အချန်မှာ လှမ်းခေါ်သုံးပါတယ်။ဘယ်လို အချက်အလက်တွေလဲဆိုတော့
standard input/output library function ဖြစ်သော
( printf_s ) ဆိုတဲ့ function ကို program ရဲ့ Line number 8 မှာသုံးထားပါတယ်။ line number 5 မှာ ပြောထားတာကတော့ <conio.h>
console input/output header ပါဝင်မယ်ဆိုပြီး ညွှန်ကြားထားပါတယ် သူက line number 9 က _getch() ဆိုတာနဲ့ သက်ဆိုင်ပါတယ်။
line number 6 ကတော့ program ကို ပြန်ဖတ်ရလွယ်ကူအောင် တစ်ကြောင်းကျော်လိုက်ခြင်းဖြစ်ပါတယ် အမှန်တစ်ကယ်တော့ အဲ့ထက် ပိုပြီး လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေပါသေးတယ်။ line number main function အကြောင်းပါ နောက်သင်ခန်းစာတွေမှာ ဆက်ရှင်ပေးပါ့မယ်။
အပေါ်မှာ ကျန်ခဲ့ တဲ့ line number 1 မှာ // ဆိုတဲ့ forward slash လေး ရှိပါတယ် သူကတော့ ကျွန်တော်တို့ ရေးတဲ့ program မှာ comments ရေးချင်တဲ့ အခါမှာ သုံးပါတယ်။ line number 2 ကတော့ forward slash တစ်ခု ရယ် * star တစ်ခု ရယ် စပြီး အဆုံးမှာ * တစ်ခုရယ် / တစ်ခု ရယ် ပြန်ပြီး ပိတ်ပေးရပါတယ် သူ့ကိုတော့ ကိုယ်ရေးတဲ့ program မှာ comments တွေ အများကြီးရေးချင်တဲ့ အချိန်မှာ သုံးပါတယ် သူ့ကို mulit-line comments လို့လည်းခေါ်ပါတယ်။မိမိတို့ ရေးတဲ့ codes လေးတွေမှာ comments ရေးထား သင့်ပါတယ် ကိုယ်ပြန်ဖတ်ရတာ လွယ်ကူသလို နောက်လူ ပြန်ဖတ်ရတာလည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ကျန်တဲ့ codes တွေကို နောက်သင်ခန်းစာမှာ ဆက်ပြီး ပြောပြပေးပါမယ်။


Win Htut
GreenHackersTeam

1 comment: