Cortext-M4 processor ဟာ စွမ်းဆောင်ရည်မြင့် 32 bit
processor ဖြစ်တဲ့အတွက်ကြောင့် System Level Software developers တွေအတွက် အများကြီး
အထောက်အကူပြုပါတယ်။
သူ့ကိုသုံးလိုက်တဲ့ အတွက် developers တွေအဖို့ဘာတွေအကျိုးကျေးဇူးဖြစ်လာသလဲ။
·
Cortex-M4 မှာ MPU လို့ခေါ်တဲ့ Memory
Protection unit ပါလာတဲ့အတွက်ကြောင့် Platform Security ပိုမိုခိုင်ခံ့မယ်။
·
Cortex-M4 မှာ Ultra-low power sleep mode
တွေပါလာတယ်။
·
ပိုမိုရှုပ်ထွေးတဲ့ အဆင့်မြင့်တဲ့ Nested
Vector Interrupt Controller(NVIC) ပါလာတယ်။
NVIC ကြောင့် Interrupt Performance ကို
ပိုမိုကောင်းမွန်စေတယ်။ Interrupt တွေကို Priority ခွဲလို့ ရလာတယ်။ Cortex-M4 ရဲ့
NVIC ဟာဆိုရင် Interrupt Priority Levels ပေါင်း 256 ခုအထိအောင် support ပေးပါတယ်။
ဒါ့အပြင် Cortex-M4 ရဲ့ NVIC မှာ NMI လို့ခေါ်တဲ့ Non-maskable interrupt (NMI) ဆိုတာလည်းပါဝင်တယ်။
NVIC နဲ့ Processor Core ကြောင့် ISR(Interrupt Service Routine) တွေအလုပ်လုပ်တာပိုမိုကောင်းမွန်လျှင်စေပါတယ်။
ဒါအပြင် Interrupt Latency ကိုလည်းသိသိသာသာ လျှော့ကျစေပါတယ်။ Interrupt Latency များရင်
System ကို delay ဖြစ်စေတယ်။ ဒါကြောင့်မကောင်းပါဘူး။ Cortex-M4 မှာတော့ NVIC နဲ့
Processor Core တို့ကြောင့် Interrupt Latency ကိုလျော့ကျစေပါတယ်။
·
CPU ရဲ့ Loading ကို Direct Memory Access
(DMA) သုံးပြီးတော့ လျှော့ချနိုင်တဲ့ Data Transfer နည်းစနစ်တွေပါလာမယ်။
·
စွမ်းဆောင်ရည်မြင့်တဲ့ Processor core,
System နဲ့ Memory တွေပါဝင်လာတယ်။
·
Debug နဲ့ Trace အတွက် Serial Wire Debug နဲ့
Serial Wire Trace ပါလာပါတယ်။
ဒါ့အပြင်
Cortex – M4 မှာ စိတ်ဝင်စားစရာအင်မတန်ကောင်းတဲ့
Core Peripherals တွေအများကြီး ရှိပါသေးတယ်။
·
NVIC လို့ခေါ်တဲ့ Nested Vectored
Interrupt Controlller .
·
System Control block
·
System timer
·
Memory Protection Unit
·
Floating-point unit
No comments:
Post a Comment