Cortex-M4 Core Registers (part-1)
==================================
ပုံမှာကြည့်လိုက်ပါ။ R0 ကနေပြီးတော့ R12 အထိက 32-bit general-purpose register တွေဖြစ်ကြပါ တယ်။ အဲ့ဒီ Register တွေကို data operation တွေအတွက်သုံးပါတယ်။
Stack Pointer
+++++++++++
Register နံပါတ် R13 က Stack Pointer (SP) ဖြစ်ပါတယ်။ Therad Mode မှာ CONTROL register ရဲ့ bit 1 ကအသုံးပြုမယ့် stack pointer ကိုသတ်မှတ်ဖို့ရန်အတွက်အသုံးပြုပါတယ်။
• 0 ဆိုရင် Main Stack Pointer (MSP) ကိုသုံးမယ်လို့ပြောလိုက်တာဖြစ်ပြီးတော့ reset value
ဖြစ်ပါတယ်။
• 1 ဆိုရင် Process Stack Pointer(PSP) ကိုသုံးမယ်လို့ပြောလိုက်တာဖြစ်ပါတယ်။
Reset ဖြစ်တဲ့အခြေအနေမှာဆိုရင် Processor ဟာ MSP ရဲ့တန်ဖိုးကို address 0x 00000000 ကနေ ဖတ်ယူပါတယ်။
Link Register
+++++++++++
နောက် Register နံပါတ် R14 ကတော့ Link Register(LR) ဖြစ်ပါတယ်။ function တွေ return ပြန်လာ တဲ့တန်ဖိုးတွေ ၊ exception တွေကနေ return ပြန်လာတဲ့ တန်ဖိုးတွေ စတဲ့ return ပြန်လာတဲ့ တန်ဖိုးတွေ ကို သိုလှောင်သိမ်းဆည်း Register ဖြစ်ပါတယ်။ Reset အခြေနေမှာဆိုရင် Processor ဟာ LR တန်ဖိုး 0xFFFFFFFF နဲ့ဖတ်ယူပါတယ်ခင်ဗျာ။
Program Counter
++++++++++++++
နောက် Register နံပါတ် R15 ကတော့ Program Counter (PC) ဖြစ်ပါတယ်။ အဲဒီ Register ထဲမှာ လက်ရှိ Program ရဲ့ address ပါဝင်ပါတယ်။ Reset အခြေအနေမှာဆိုရင် address 0x00000004 မှာရှိ နေတဲ့ Reset Vector ရဲ့တန်ဖိုး နဲ့ Processor က PC ကိုဖတ်ယူပါတယ်။ တန်ဖိုးရဲ့ Bit[0] ကို Reset အခြေအနေမှာ EPSR T-bit ထဲကိုထည့်လိုက်တာဖြစ်ပြီးတော့ 1 ဖြစ်ကိုဖြစ်ရပါမယ်။
Program Status Register
++++++++++++++++++++
Program Status Register(PSR) က အောက်ဖော်ပြပါ Register သုံးခုကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။
1) Application Program Status Register (APSR)
2) Interrupt Program Status Register (IPSR)
3) Execution Program Status Register (EPSR)
အဲဒီ register တွေဟာ 32 bit PSR ထဲမှာပါဝင်တဲ့ bitfield တွေဖြစ်ကြပါတယ်။ သူ့ရဲ့ bit assignment တွေကိုတော့ comment ကပုံမှာပြသထားပါတယ်။
အဲဒီ Register သုံးခုကိုတစ်ခုချင်းစီလည်း ရယူသုံးစွဲလို့ရသလို Register နှစ်ခု (သို့မဟုတ်) သုံးခုစလုံးကို ပေါင်းစပ်ပြီးတော့လည်း သုံးစွဲလို့ရပါတယ်။ Register ရဲ့ နာမည်တွေကို MSR instruction သို့မဟုတ် MRS instruction တွေမှာ argument အဖြစ်ယူရမှာဖြစ်ပါတယ်။
Application Program Status Register
+++++++++++++++++++++++++++++
APSR မှာ လက်ရှိ state ရဲ့ condition flag တွေပါဝင်ပါတယ်။
Bits Description
Bit 31 N: Negative or less than flag:
0: Operation ရဲ့ရလဒ်က အပေါင်းတန်ဖိုးဖြစ်နေတယ်၊ သုညဖြစ်တယ်၊ greater than သို့မဟုတ်ညီနေတယ်။
1: Operation ရဲ့ရလဒ်က အနုတ်တန်ဖိုးဖြစ်နေတယ်၊ ဒါမဟုတ် less than ဖြစ်ပြီး ငယ်နေမယ်။
Bit 30 Z: Zero flag:
0: Operation ရဲ့ သုညမဟုတ်ပါ။
1: Operation ရဲ့ ရလဒ်က သုညဖြစ်ပါတယ်။
Bit 29 C: Carry or borrow flag:
0: ပေါင်းတဲ့ Operation မှာ တစ်ခုနဲ့တစ်ခုပေါင်းခြင်းက Carry bit မထွက်တဲ့အခါ (သို့မဟုတ်) နုတ်တဲ့ Operation မှာ တစ်ခုကနေ နောက်တစ်ခုကိုနှုတ်တဲ့ အခါ ချေးလိုက်ရတဲ့ တန်ဖိုးတစ်ခု (borrow bit) ထွက်နေပါတယ်။
1: ပေါင်းတဲ့ Operation မှာ တစ်ခုနဲ့တစ်ခုပေါင်းခြင်းက Carry bit ထွက်တဲ့အခါ (သို့မဟုတ်) နုတ်တဲ့ Operation မှာ တစ်ခုကနေ နောက်တစ်ခုကိုနှုတ်တဲ့ အခါ ချေးလိုက်ရတဲ့ တန်ဖိုးတစ်ခု (borrow bit) ထွက်မနေပါ။
Bit 28 V: Overflow flag:
0: Operation က Overflow မဖြစ်ပါ။
1:Operation က Overflow ဖြစ်နေပါတယ်။
Bit 27 Q: DSP Overflow and saturation flag: Sticky saturation flag.
0: bit တန်ဖိုးကို reset လုပ်လိုက်တဲ့အချိန်ကစလို့ saturation မတွေရတဲ့ ဖြစ်စဉ် တွေကို သတ်မှတ်တာဖြစ်ပါတယ်။
1: DSP overflow ကိုသတ်မှတ်တာဖြစ်ပါတယ်။
Bits 26:20 Reserved.
Bits 19:16 Greater than or Equal flags
Bits 15:0 Reserved
Thank You!
ZawMyat
Wednesday, June 13, 2018
New
About Unknown
SoraTemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of SoraTemplates is to provide the best quality blogger templates.
ZawMyat
Subscribe to:
Post Comments (Atom)
No comments:
Post a Comment